Breaking News

မကြာခဏမေးတတ်သော မေးခွန်းများ

သုတနည်းပညာ အင်ဂျင်နီယာ မေဂျာနှင့် ပက်သက်သည့်မေးလေ့မေးထရှိသော မေးခွန်းများ

ကွန်ပျူတာကို အသုံးပြုခြင်းဖြင့် လုပ်ငန်းများ လွယ်ကူမြန်ဆန်တိကျသေချာစွာ ဆောင်ရွက် လာနိုင်အောင် လုပ်ဆောင်ပေးနိုင်သော ပညာရပ်ဖြစ်ပါသည်။
  • Software ရေးသားရာတွင် လိုအပ်သော C++ သင်ခန်းစာများ၊ C# သင်ခန်းစာများ
  • Web Page ရေးသားနိုင်သော HTML သင်ခန်းစာများ၊ PHP သင်ခန်းစာများ
  • Computer Hardware အတွင်းပိုင်းလုပ်ဆောင်ပုံများ နှင့် တပ်ဆင်ခြင်း သင်ခန်းစာများ
  • Networking သင်ခန်းစာများ
  • Analog and Digital နည်းပညာများ
  • Software Developer၊ Programmer နှင့် Software Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများ
  • Web Developer အဖြစ်ရပ်တည်ချင်သူများ (သို့) Web Page ရေးတတ်ချင်သူများ
  • Network Engineer၊ IT Technician တစ်ယောက်ဖြစ်ချင်သူများ
IT ဘာသာရပ်တွင် Hardware နှင့် Software နှစ်မျိုးစလုံး သင်ကြားပေးသည့်အတွက်ကြောင့် ကျောင်းပြီးပါက Hardware ဖြင့်အလုပ် လုပ်နိုင်သလို၊ Software ဖြင့်လည်း အလုပ်လုပ်နိုင်ပါသည်။ ထို့ကြောင့်
  • ကြိုက်နှစ်သက်ရာ လမ်ကြောင်းကို ရွေးချယ်နိုင်ခြင်း
  • အလုပ်အကိုင် အခွင့်အလမ်း ပေါများခြင်း
  • အလုပ်ကျွမ်းကျင်မှုအပေါ်မူတည်ပြီး လစာများမား ရနိုင်ခြင်း

စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ကျောင်းတက်ရောက်ရာတွင် လိုအပ်သော အချက်အလက်များ နှင့်ပက်သက်သည့် မေးလေ့မေးထရှိသော မေးခွန်းများ

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) သို့ ဝင်ခွင့်လျှောက်ထားရာတွင် ယူဆောင်လာရမည့် အချက်အလက်များမှာ
  1. တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း မူရင်း
  2. အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက် မူရင်း
  3. မြို့နယ်ရဲစခန်း ထောက်ခံချက် မူရင်း
  4. ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ မူရင်း
  5. ကျောင်းသား/သူ နှင့် မိဘ နှစ်ဦးစလုံး၏ မှတ်ပုံတင် မိတ္တူ၊ မူရင်း (တိုက်ရိုက်စစ်ပေးရန်)
  6. ကျောင်းသား/သူ ပါသည့် အိမ်ထောင်စုဇယား မိတ္တူ
  7. ပတ်စပို့ ဓါတ်ပုံ (၃)ပုံ
ပထမနှစ်ဝင်ခွင့်ရရှိသော ကျောင်းသား/သူ များ ကျောင်းအပ်ရာတွင် လိုအပ်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ဓါတ်ပုံ(၃)ပုံ (ဓါတ်ပုံတွင် ဆံပင်နီ/ရောင်စုံဆိုး (ကျား/မ)/ ဆံပင်ရှည်(ကျား) ပုံများမရပါ)
  • အမှတ်စာရင်း (မူရင်း)
  • ဆယ်တန်းအောင်လက်မှတ်မိတ္တူ (မူရင်းယူဆောင်လာရန်)
  • မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ)
  • အဖေအမေမှတ်ပုံတင် (မူရင်းနှင့် မိတ္တူ)
  • ရပ်ကွက်ထောက်ခံစာ
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (အောင်/ကျရှုံး) ကျောင်းသား/သူများ ကျောင်းအပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • ကျောင်းသာ/မိဘ မှတ်ပုံတင် မိတ္တူ
  • ဓါတ်ပုံ(၃)ပုံ (ဓါတ်ပုံတွင် ကျောင်းယူနီဖောင်းဖြင့် ရိုက်ထားသောပုံ ဖြစ်ရမည်။ ဆံပင်နီ/ရောင်စုံဆိုး(ကျား/မ)၊ ဆံပင်ရှည်(ကျား)ပုံ များမရပါ။)
GTHS အထူးအောင်များ ကျောင်းအပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • အမှတ်စာရင်း (မူရင်း)
  • GTHS အောင်လက်မှတ်မိတ္တူ (မူရင်း ယူဆောင်လာရန်)
  • ဓါတ်ပုံ (၃)ပုံ (ဓါတ်ပုံတွင် ကျောင်းယူနီဖောင်းဖြင့် ရိုက်ထားသောပုံ ဖြစ်ရမည်။ ဆံပင်နီ/ ရောင်စုံဆိုး (ကျား/မ)၊ ဆံပင်ရှည်(ကျား) ပုံများမရပါ။)
  • ကျောင်းသား/မိဘ မှတ်ပုံတင်မိတ္တူ

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။