Breaking News

GTC-KPU နောက်ခံသမိုင်းအကျဉ်း

Views: 360
1 0

ကျောင်းနောက်ခံသမိုင်းကြောင်း

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) သည် ကျောက်ဖြူဒေသအတွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ)အတွက် လိုအပ်လာမည့် Technician များ Skill Worker များ မွေးထုတ်ပေးရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ကျောက်ဖြူမြို့ မြို့မိ၊မြို့ဖများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပေါ်ပေါက်လာခဲ့ပြီး ကျောက်ဖြုူမြို့၊ ကမ်းနားလမ်း၊ သန်ပန်ချောင်းရပ်ကွက်၊ မြေဧရိယာ(၁.၁၀)ဧကရှိသော အ.လ.က(၄)ကို GTI ကျောင်းအဖြစ်အသုံးပြုခဲ့ပြီး ၂၀၁၅ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင် ယာယီစတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါကျောင်းတွင် စာသင်ခန်းပေါင်း(၁၂)ခန်း နှင့် ကွန်ပျူတာခန်း(၁)ခန်းတို့ဖြင့်သင်ကြားခဲ့ပါသည်။

စတင်ဖွင့်လှစ်ချိန်တွင် Civil၊ Electrical Power (EP) နှင့် Information Technology (IT) မေဂျာတို့အား သင်ကြားပို့ချခဲ့ပါသည်။ ဖွင့်လှစ်ချိန်တွင် ကျောင်းအုပ်ကြီး အဖြစ် ဆရာကြီး ဦးတင်ဝင်း (BE-Civil) ဒုတိယညွှန်ကြားရေးမှူချုပ်က စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဆရာကြီးသည် ၂၀၁၅ မေလမှ ၂၀၁၇မေလ အထိ နှစ်နှစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ၂၀၁၇ခုနှစ် ဇွန်လမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဖြိုးဝေလင်း (PhD-Manufacturing Engineering, Beijing, China) ညွှန်ကြားရေးမှူမှ တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဆရာကြီးတို့လက်ထက်(၂၀၂၅ မှ ၂၀၂၀)ခုနှစ်များတွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် ဒေသခံပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ ပန်းရံသင်တန်း၊ လက်သမားသင်တန်း၊ သံချည်သံကွေးသင်တန်း၊ သဘာဝဆပ်ပြာဖယောင်းတိုင်ထုတ်လုပ်မှု၊ Acquisition Painting Training Course၊ ကွန်ပျူတာအခြေခံသင်တန်းတို့ကို အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး သင်တန်းသူ၊ သင်တန်းသားပေါင်း(၈၄၆)ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ GTI-KPU စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသူ၊ကျောင်းသားပေါင်း(၁၀၇)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်အထိ ကျောင်းသားဦးရေ(၃၈၂)ဦး မွေးထုတ်ပေးပြီးဖြစ်ပါသည်။ ထို့ပြင် Diploma ပေးအပ်ပြီး ကျောင်းသား(၂၅၀)ဦး ရှိပြီဖြစ်ပြီး BE ပေါင်းကူးရ ကျောင်းသား၊ ကျောင်းသူပေါင်း(၅၁)ဦးရှိပြီဖြစ်ပါသည်။

၂၀၂၀ခုနှစ်မှ ယနေ့အထိ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်မွန်မှ ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူလျက်ရှိပြီး ဒေါက်တာဦးကျော်ငြိမ်းမှ ဒုတိယကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌားနမှ ၂၀၂၂ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် B-Techဘွဲ့သင်တန်းများအဖြစ် Civil,EP,Mech မေဂျာတို့ဖြင့် (၄)နှစ်သင်တန်းများကို ပို့ချသင်ကြားပေးနေပြီဖြစ်ပါသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)အဖြစ်ရပ်တည်ခဲ့သော (၈)နှစ်တာကာလအတွင်း ဦးစီးဌာနအဆင့်ပြိုင်ပွဲတိုင်းတွင် ဆုတံဆိပ်များရရှိခြင်း၊ တခြားပြိုင်ပွဲများတွင်လည်း ဆုအသီးသီးရရှိခြင်း၊ Scholarship ပညာတော်သင်များစေလွှတ်နိုင်ခြင်း စသည့်အောင်မြင်မှုများရရှိသောကြောင့် ဝန်ကြီးဌာနတွင်လည်း အချိန်တိုအတွင်း အသိအမှတ်ပြုခံထားရသော ကျောင်းတစ်ကျောင်းလည်းဖြစ်ပါသည်။

အာဆီယံအဖွဲ့စည်း တည်ထောင်မှု နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်နေ့တွင် စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲများ (နိုင်ငံတော်အဆင့် – သက်မွေးပညာ) တွင် စက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)မှ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် တတိယဆု အသီးသီး ရရှိခဲ့ပါသည်။ 2018 July 15 နေ့တွင် အင်းစိန် GTI တွင် ကျင်းပသည့် World Youth Skills Day (2018), Skill & Innovation Competition of GTI & GTHS တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)မှ Popular Award ဆုကိုရရှိခဲ့ပြီး 2019 World Yoouth Skills Day နေ့တွင်လည်း မေဂျာ သုံးခုစလုံးမှ ဆုများ အသီးသီးဆုများရရှိခဲ့ပါသည်။ နိုင်ငံခြားပညာတော်သင်ဆု များလည်း ရွေးချယ်ခြင်းခံခဲ့ရပါသည်။

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်